Wednesday, December 4, 2013

vpn, proxy ကျော်နည်းများ

ultrasurf အသုံးပြုနည်း
paid to click ကြော်ငြာ ကလစ်လုပ်ခြင်းဖြင့် ၀င်ငွေရှာတဲ့ဆိုက်တွေမှာ register လုပ်မရတာတွေရှိပါတယ် ဒါဟာ အများအားဖြင့် ip တူနေတာတွေကြောင့်ပဲဖြစ်ပါတယ်။ အဲ့ဒီပြသနာကိုဖြေရှင်းဖို့အတွက်က  proxy ကျော်ပြီး တခြားနိုင်ငံရဲ ip ကိုယူသုံးရပါတယ်။ အဲလိုသုံးရန် ကောင်းတဲ့ software တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ultrasurf ဆိုတဲ့ software လေးပဲဖြစ်ပါတယ်
(၁) ပထမဦးစွာ ultrasurf software ကို ဒီမှာ ဒေါင်းပါ။
ဒီကိုနှိပ်ပါ။  ဒါမှမဟုတ် ဒီကိုနှိပ်ပါ
(၂) ရလာတဲ့ zip ကို folder တခုခုထဲကို extract လုပ်ပါ။
(၃) u1301 ဆိုတဲ့ application လေးကိုဖွင့်လိုက်ပါ။
(၄) သူ့  server နဲ့ချိတ်တာ ခဏစောင့်ပါ။ ပြီးရင် အောက်ပါပုံစံနဲ့အတူ internet explorer ပွင့်လာပါလိမ့်မယ်။
internet explorer မသုံးချင်ဘူးဆို ပြန်ပိတ်လိုက်ပါ။ ကျနော်ကတော့ firefox သုံးတဲ့အတွက် firefox ကိုဖွင့်ပါမယ်။


(၅)  firefox ထဲက option ထဲက advanced ထဲက network ထဲက setting ထဲကို ၀င်လိုက်ပါ။ အောက်ပုံကို ကြည့်ပါ။
(၆) အောက်ပုံပါအတိုင်းဖြည့်လိုက်ပါ။ ပြီးရင် ok နှိပ်ပါ။ 
(၇) ကိုယ့် proxy   ကျော်မကျော် သိချင်ရင် www.whatismyipaddress.com ကိုသွားကြည့်လိုက်ပါ။ အဲ့ဒီမှာ country မှာ မြန်မာမပေါ်ဘဲ တခြားနိုင်ငံတခုခုပေါ်နေရင်  အောင်မြင်ပါပြီ :)

No comments:

Post a Comment

မြန်မာပြည်သားများအားလုံးအဆင်ပြေကြပါစေ :)